Friday, July 30, 2010

ပြည်သူသာ အမိ ပြည်သူသာ အဖ ဖြစ်ရမည်။


အကျဉ်းမျှသာ စာများထားရန်.
အကျယ်ချဲ့ရန် စာများထားရန်.

အပြည့်အစုံ ဖတ်ရှုရန် ...

Wednesday, July 28, 2010

ကြံ့ဖွံ့ပါတီသို့ အိတ်ဖွင့်ပေးစာ



အကျဉ်းမျှသာ စာများထားရန်.
အကျယ်ချဲ့ရန် စာများထားရန်.

အပြည့်အစုံ ဖတ်ရှုရန် ...

Tuesday, July 27, 2010

၈၈၈၈ တန့်လှန့်နိုးဆော်ချက် ပို့စကဒ်

၈၈၈၈ လေးလုံး နေ့ ဒို့ မမေ့ ။

အပြည့်အစုံ ဖတ်ရှုရန် ...

Saturday, July 3, 2010

2010 = NO

စွမ်းအားရှင်များမှ လာရောက်မဖျက်ခင်ပုံ
ရေးပြီးကာစ ညနေ ၅း၃၀ ခန့်ရိုက်ကူးထားသည့် ပုံ

ရေးပြီးကာစ ရိုက်ကူးထားသည့် ၂၀၁၀ = အလိုမရှိ ပုံ


2.7.2010 ရက်နေ့ ညနေ ၅ နာရီ ခွဲခန့်တွင် အသင်းတိုက်လမ်းမကြီးနှင့်သာကေတ ဧရာဝဏ်လမ်းထောင့် ရှိ ကွန်ကရစ် လမ်းမကြီးပေါ်တွင် ဆေးအနီရောင်ဖြင့်.2010 = No မြေသြဇာ ဟု ရေးသားထားသည့် လှုပ်ရှားမှု ကို လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ရဲဘော်များမှ ပြုလုပ်ခဲ့ကြပါသည်။
အထက်ပါ စာသားများ ရေးသားထားသည်ကို ၃ - ၇ - ၂၀၁၀ ရက်နေ့ မနက်တွင် နအဖ စစ်အာဏာရှင် ဒေါက်တိုင် စွမ်းအားရှင် များမှ ပြန်လည် ဖျက်နေသည်ကိုလည်း ထပ်မံ ရိုက်ကူးထားသည့်ပုံကိုပါ တင်ပေးလိုက်ပါတယ်။

.


နအဖ စစ်အာဏာရှင် ဒေါက်တိုင် စွမ်းအားရှင် တဦးမှ
ပြန်လည် ဖျက်နေသော ပုံ-
ဒီလိုလေးတွေ ကန့်ကွက် ရှုတ်ချ ခဲ့တယ်။
စွမ်းအားရှင် ခွေးသား ဖျက်နေရင်းနဲ့ စက်ဘီး ပေါ်မှ
ဆေးဗူးသွားယူနေချိန် ဆွဲရိုက်ထားတဲ့ပုံ

လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ လမ်းမကြီး

အပြည့်အစုံ ဖတ်ရှုရန် ...

Tuesday, June 29, 2010

2010 = NO


၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
ကြံ့ဖွံ့ပါတီ အလိုမရှိ။
စစ်တပ် ဘားတိုက်ပြန်။
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး။

အကျယ်ချဲ့ရန် စာများထားရန်.

အပြည့်အစုံ ဖတ်ရှုရန် ...

Sunday, April 25, 2010

ဆက်တိုက်မယ်

အထူး ထုတ်ပြန်ကြေငြာချက်
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူလူထုအား လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြစည်းရုံးခြင်း၊မတရား ပြုလုပ်လျှက်ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေးအတိုင်း ချပြစည်းရုံးခြင်းများနှင့်မတရား အုပ်ချုပ်မင်းလုပ်နေပြီးပြည်သူတရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည်အထိ အကြောက်တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
ယခု အခါ စစ်အာဏာရှင် တစုနှင့်နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ )ယောက်အား မတရား ဖမ်းဆီးခြင်း၊ကိုယ်ပိုင် ဟန်းဖုန်းများသိမ်းယူခြင်းများကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွါးခဲ့သော ဗုံးကွဲမှုများကို မိမိ တို့ မလုပ်ကိုင်ရပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့)ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာပေါက်ဆီဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့်ပတ်သတ်သရောင်ရောင် စစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
ထို့ကြောင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့အနေဖြင့်
မူဝါဒလမ်းစဉ်များ၊လှုပ်ရှားဆောင်ရွက်ခဲ့မှုများအားလုံးတွင် အကြမ်းဖက်မှုများ လုံးဝမပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် မတရား အမှုဆင်ဖမ်းဆီးစစ်ဆေးနေမှုများအား အမြန်ဆုံး ရပ်တန့်ပေးရန်နှင့်ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများရှိနေပါစေ ခေါင်းငုံ့မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူလူထုတရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့်သွားမှာ မဟုတ်ပဲ အရှိန်မြှင့်လှုပ်ရှားဆောင်ရွက်ပြီး ပြည်သူလူထုတရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေးလိုက်သည်။
ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့်ပြည်သူလူထုတရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည်မပြုသလို၊၂၀၁၀ ရွေးကောက်ပွဲကိုလည်း ငြိမ်းချမ်းသော နည်းနာများသုံးကာ ဖယ်ရှားတော်လှန်သွားမှာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုက်သည်။

မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
ဆက်သွယ်ရန်-
www.thebestmanure.org
tbmstk1@gmail.com

အပြည့်အစုံ ဖတ်ရှုရန် ...

Saturday, April 24, 2010

ကိုယ်တွေ့ဖြစ်ရပ်(၂၀၀၇ သံဃာ့ လှုပ်ရှားမှုကြီး)



မြန်မာပြည်တွင်းဖြစ်ပေါ်ခဲ့သော စက်တင်ဘာလလှုပ်ရှားမှုတွင်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သောပြည်တွင်း မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(လူငယ်)လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ တာဝန်ခံ ကိုကျော်ကျော်၏ စက်တင်ဘာလှုပ်ရှားမှု နှင့်ရင်တွင်း ခံစားချက် ……

ကျနော်တို့မြန်မာနှိင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့တလျောက်မှာ ဒီနအဖရဲ့ ဖိနှိပ်မှုအောက်မှာတသက်လုံးဒီအတိုင်းကြီး အကြောက်တရားလွမ်းမိုးပြီးနေသွားလို့ မရတော့ဘူးလို့သိလိုက်ရတဲ့အချိန်မှာအရင်ဆုံးလုပ်ဖြစ်တာက ဒီအကျင့်ပျက် အစိုးရကို ပယ်ချဖို.အတွက် လူထုအပေါ် ထာဝရနွေးထွေးမှုပေးနိုင်မယ်လို့ယုံကြည်တဲ့ လူထုခေါင်းဆောင်ဆိုတာကို
အရင်လေ့လာဖြစ်ခဲ့တယ်။ တဆက်တည်းမှာပဲတွေသင့်သူကိုတွေ။လိုအပ်တဲ့ပညာယူသင့်တာ ယူဆွေးနွေးသင့်တာ တွေဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တခုကို အခိုင်အမာချလိုက်တယ်။ လူထုတရပ်လုံးနှင့်နောင်မျိုးဆက် အားလုံးအတွက်ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးမဲ့-အစတေးခံလူငယ်များနဲ့ သမိုင်းဝင်သာဓုကန်စေတီ (ရွှေပြည်သာမြို့သစ်)မှာ အကောင်းဆုံးမြေသြဇာ ဆိုတဲ့အဖွဲ့ဖွဲ့စည်းပြီး အောက်ပါအလုပ်တွေဆက်လုပ်ခဲ့ပါတယ်။။
(၉-၁-၂၀၀၅)ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများမှလူငယ်များအားစည်းရုံးခြင်း။ ကျောဘက်တွင် (?) တံဆိပ်နှင့်ရှေ့ တွင်စည်းရုံးလှုံ့ဆော်စာများရေးသားထားသော(T-shirt)များအခမဲ့ဖြန်.ဖြူးဝတ်စေခြင်း။ဘောပင်-သော့ချိတ်)များပြုလုပ် ဝေခြင်း။ နအဖ ဆန့်ကျင်စာများအား ကျောင်းဝင်းအတွင်းကပ်ခြင်း။မြို.နယ်များရှိရပ်ကွက်များအတွင်း ဖြန့်ဝေကျဲချခြင်း။
အဖွဲ.လူငယ်များနှင့်တွေ.ဆုံဆွေးနွေးဖလှယ်ခြင်းများစဉ်ဆက်မပျက်ပြုလုပ်ခဲ့ပါတယ်။။ဒီလိုဖြတ်သန်းလာရင်းနဲ.စက်တင်ဘာသံဃာတော်များဦးဆောင်တဲ့လှုပ်ရှားမှုကြီးမှာဆရာတော်များရဲ.လုံခြုံရေးနှင့်ပြည်သူလူထုတရပ်လုံးနှင့်ကျောင်းသား လူငယ်ထုတရပ်လုံးပါဝင်လှုတ်ရှားဆောင်ရွက်နိုင်စေဖို့အတွက်ပြည်တွင်းမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ.များနည်းတူတ
ဖက်တလမ်းကပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် (နအဖ) မှလိုက်လံ စုံစမ်းဖမ်းဆီး ဖို့ကြိုးစား ခဲ့ပါတယ်။ ဒီအချိန်မှာသူတို့ဖမ်းဆီးတာကိုမခံပဲ လွတ်မြောက်နယ်မြေကို ထွက်လာခဲ့ခြင်းအားဖြင့် ဆက်လက် တော်လှန်သွားမှာဖြစ်ပြီး ပြည်တွင်းကျန်ရှိတဲ့ ဗကသ၊ (၈၈) နှင့်ကျန်အဖွဲ့အစည်းများ။ပြည်တွင်းရှိလူထုတရပ် လုံးအတွက် တက်နိုင်တဲ့ဘက်က ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမယ်ဆိုတာ အသိပေးလိုက်ပါတယ်။။

စက်တင်ဘာလှုပ်ရှားမှု တစိတ်တဒေသ … … …

(၂၄-၉-၂၀၀၇) - ရွှေတိဂုံအရှေ.ဘက်မုဒ်မှစတင် ထွက်ပြီးဗားကရာလမ်းအတိုင်း။ တဆင့် လှည်းတန်းလမ်းဆုံ မှတဆင့် ရှစ်မိုင်လမ်းဆုံ။ တဆင့်ကျိုက်ဝိုင်း-ဘုရားလမ်း။ တဆင့်ကမ္ဘာအေးဘုရားရင်ပြင်တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေ တရားများဟောကြားပြီးလမ်းခွဲ …..။

(၂၅-၉-၂၀၀၇) - ကြေးသွန်းဘုရားရှေ့တွင်သပိတ် စခန်းဖွင့်ပြီးယောက်လမ်းအတိုင်းချီတက်။ဆူးလေဘုရားရှေ့ တွင်သံဃာတော်များ၊ ကျောင်းသားများ ၊ အနုပညာရှင်များ မှ တရားဟောပြီး သိမ်ဖြူလမ်းအတိုင်း။ တဆင့်ပုဇွန် တောင်။ကျောက်မြောင်းတို.မှဖြတ်ပြီးဗိုလ်ချုပ်ပန်းခြံလမ်း။ တဆင့်ကြေးသွန်းဘုရားရှေ့တွင် သံဃာတပ်ပေါင်းစု ဆရာတော်များမှအထွေထွေတရားများဟောကြားပြီးလမ်းခွဲ………။

(၂၆-၉-၂၀၀၇) - နေ.လည်(၁၁း၃၀)နာရီခန်.တွင်ကြေးသွန်းဘုရားရှေ.တွင်စုဝေးရောက်ရှိနေသောသံဃာတော်များ၊ ကျောင်းသားများ နှင့်ပြည်သူလူထုအတွင်းသို့စစ်ကားများ။ လုံထိန်းကားများ။ နအဖလက်ကိုင်ဒုတ်(ရပ်ကွက်အတွင်းရှိ
ခိုး၊ ဆိုး၊ နှိုက်)များဦးဆောင်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုများလူမဆန်စွာပြုလုပ်လာသဖြင့် ကြေးသွန်းဘုရားအနောက်ဖက်ရှိညောင်တုန်းကျောင်းတိုက်အတွင်း တွင် ဆရာတော်များစုစည်းပြီးအင်အား(၇၀၀၀)
ခန့်ဖြင့် ရွှေဂုံတိုင်လမ်းအတိုင်းထွက်ခွါလာရာ (NLD) ရုံးတွင်းမှသံဃာတော်များနှင့်အတူ အဖွဲ့ဝင်များပူးပေါင်းပါဝင်ချီ တက်ဆန္ဒပြကြရာလမ်းတလျှောက်တွင်နအဖအာဏာမပိုင်များက မိမိတို.ကဲ့သို့.အကြမ်းဖက်ခံရပြီး ကွဲထွက်သွားသော
တပ်ပေါင်းစုများနှင့်မစုမိစေရန် လိုက်လံပြီးချီတက်ရာလမ်းကြောင်းပိတ်ခြင်းများဖြင့် လိုက်လံနှောက်ယှက်ခြင်း များပြုလုပ်နေသော်လည်းဘုရင့်နောင်လမ်း(ကန္နားလမ်း)ရှိ သခင်မြပန်းခြံရှေထိ ချီတက်ဆန္ဒပြခဲ့ကြရာဆူးလေဘက် တက်မည့် ဘက်မှပိတ်ဆို.ထားခြင်းခံရပါတယ်။ ဒါကြောင့်ချီတက်ရာလမ်းကြောင်းပြောင်းကာ ဘုရင့်နောင်ဘက်သို့ ထပ်မံချီတက်ခဲ့ပါတယ်။အလုံမြို့နယ်ဆင်မင်းဈေးနား အရောက်တွင်ရှေ့နောက်နှစ်ဘက်ညှပ်ပြီးထပ်မံပိတ်ဆို့ခံရပါတယ်။ (၂)မိနစ်အတွင်းလူစုခွဲခိုင်းပြီးပစ်ခတ်။ရိုက်နှက်ခံရပါတယ်။နာရီဝက်ခန်.အကြာတွင်ဆင်မင်ဈေးဘက်မှာ နအဖအရာရှိမှ
သံဃာတော်များငြိမ်သက်တိတ်ဆိတ်စွာဖြင့်နှစ်ပါးစီသွားခွင့်ပြုပြီးသံဃာတော်များနှင့်လူထုကိုဖြိုခွဲခဲ့ပါတယ်။

(၂၇-၉-၂၀၀၇)-ကျိုက်ကဇံကွင်းအနီး အထက(၃)ကျောင်းအရှေ့တွင်ဆန္ဒပြကျောင်းသား၊ သံဃာ၊ လူထုအား ဖမ်းဆီး ပိတ်ဆို့ ထားသောစစ်တပ်လုံထိန်းနှင့် စွမ်းအားရှင်များအားပြန်လည်ပိတ်ဆို့ပြီးပြန်လွတ်ပေးရန်တောင်းဆိုခြင်း။ တိုင်ကီ များချပြီးတောချောက်မောင်းထုတ်သလိုထုခြင်းကမ္ဘာမကြေ သီဆိုခြင်းများပြုလုပ်နေချိန်တွင် ခွတ်ဒေါင်းအလံလွှင့်ထူပြီး
အင်အားဖြည့် လာရောက်ပူးပေါင်းသော ကျောင်းသားလူငယ်များ။ ကျောင်းကြိုရန် ရောက်ရှိနေသောကျောင်းသား မိဘများနှင့်လူထုအားတာမွေအဝိုင်းထိတ်မီးပွိုင့်ဘက်မှတရကြမ်းမောင်းဝင်တိုက်သတ်။ ပစ်ခတ် ၊ရိုက်နှက်၊ ဖမ်းဆီးခေါ် ဆောင်ကာလူစုခွဲဖြိုခွင်းခဲ့သော်လည်း-ကန္နားလမ်းတလျောက်ဆန္ဒပြနေသောကျောင်းသား တပ်ပေါင်းစုနှင့်ထပ်မံ အင်အား ဖြည့်ပါဝင်ဆောင်ရွက်ရာ ဆင်မလိုက်အဝေးပြေးဝင်းအနီးတွင်ထပ်မံပစ်ခတ်ဖြိုခွဲလူစုခွဲခြင်းခံရပြန်ပါသည်။

၂၅)ရက်နေ့ထိ ချီတက်ရာလမ်းကြောင်းတွင် တစုံတရာနှောက်ယှက်မှုမရှိသော်လည်း (၂၆) ရက်နေ့ (၁၁း၃၀) ခန့်တွင် ကြေးသွန်းဘုရား ရှေ့တွင် သပိတ် စခန်းဖွင့်စောင့်နေကြသော သံဃာတော်များ။ကျောင်းသားများ။ လူထုများ ကြားထဲသို့ တရုပ်နိုင်ငံမှလာဘ်ထိုးထားသော (Faw)ကားကြီး(၆)စီးနှင့်စစ်သားများ၊ လုံထိန်းများ၊ဒိုင်နာလိုင်းကား(၃)စီးနှင့်နအဖ၏ လက်ကိုင်ဒုတ်(ကြံ့ဖွတ်-စွမ်းအားရှင်များ)မီးသတ်ကားအသေး(၂)စီးတို့ဟာ ယာယီသပိတ်စခန်းထဲသို့ တရကြမ်းမောင်း ဝင် ရိုက်နှက်လူစုခွဲခိုင်းခြင်း၊သံဃာတော်နှင့်လူထုတချို့အား ပိတ်ထား ခြင်းများပြုလုပ်နေမှု၊အပေါ်စည်းအပြင်ရှိလူထုများမှ၎င်းတို့အား ဖွင့်ခိုင်းခြင်းကြိမ်းမောင်းခြင်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းအပေါ် စစ်အာဏာရှင်ငရဲမကြောက်သူများမှ တဆင့် တိုးပစ်ခတ်ခြင်း။မျက်ရည်ယိုဗုံးခွဲခြင်းဖြင့်ထပ်မံပြုလုပ်လာသဖြင့် သံဃာတပ်ပေါင်းစု၊ ကျောင်းသား၊လူထုသည် ဗဟန်း (၃)လမ်း၊ကြားတောရလမ်း၊ရွှေဂုံတိုင်လမ်း၊အသီးသီးအဖွဲ.ကွဲထွက်ပြီး(၁)နာရီတွင် စတင်လမ်းလျောက်ဆန္ဒပြမည် ဆိုသော်လည်း နအဖ မိစ္တာတွေ၏အကြမ်းဖက်မှုကြောင့်အသီးသီး ကွဲထွက်လာသည့်အင်အားဖြင့်ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒပြမေတ္တာပို့ထွက်ခဲ့ပါတယ်။ ဒီလိုထွက်ခဲ့တဲ့ ချီတက်ရာလမ်းတလျောက်မှာလည်း ငယ်ငယ်ကစိမ်ပြေး တမ်း ကစားသလိုပဲလိုက်လံနှောက်ယှက် ပိတ်ဆို့မှုများတောက်လျောက်လုပ်လာပါတယ်။ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြနေတဲ့တပ်ပေါင်းစုမှာ လက်နက်ဆိုလို့အပ်တိုတချောင်းတောင်မရှိသော်လဲ လိုက်လံနှောက်ယှက်နေတဲ့ဘုရား တည်၊ ကျောင်းဆောက်နေတဲ့ ဘုရားတကာတွေရဲ့လက်ကိုင်ဒုတ် တပည့်ကျော်တွေရဲ့လက်တွေထဲမှာတော့ အသေး ဆုံးနံပါတ်ဒုတ်နဲ့အကြီးဆုံး(40 နဲ.M-16)တွဲထားတဲ့လက်နက်တွေနဲ့လစ်ရင်လစ်သလိုချောင်တဲ့နေရာမှာအပျောက် ရိုက်ဖြိုခွင်းဖို့လိုက်လံနှောက်ယှက်ပိတ်ဆိုမှုတွေလုပ်သော်လဲ သံဃာတပ်ပေါင်းစုချီတက်ရာလမ်းတလျောက်မှာ လူထု ပါဝင်လာခြင်း။ဆရာတော်များကံဆောင်ခြင်းအပေါ် ဝမ်းသာမျက်ရည်ဆို့ခြင်း၊နအဖအကြမ်းဖက်ခြင်းအပေါ်မေတ္တာပျက် ဝမ်းနည်းမျက်ရည်ဆို့ခြင်းများဖြင့် အားပေးဆုတောင်းမှုများရှိခဲ့ခြင်းများဖြင့် ကံဆောင်သံဃာတော်များ။ ကျောင်း သားများ။ NLD လူငယ်များနှင့်လူထုအတွက် အားဖြစ်ပေါ်လျက် ဆက်လက်ချီတက်ဆန္ဒပြ မေတ္တာပို.ခဲ့ကြပါတယ်။။

((( စာကြွင်း - ချီတက်ရာ လမ်းတလျောက်တွင် သံဃာတော်များမှမေတ္တာပို့ခြင်း။ NLDလူငယ်များနှင့်ကျောင်းသား လူငယ်များမှသံဃာတော်များ၏လုံခြုံရေးအတွက် လက်ခြင်းချိတ်ပြီးဘေးဘယ်ညာ ကာရံပေးထားခြင်း။ ဘာသာပေါင်းစုံ ပါဝင်သောလူထုမှ သံဃာတော်များ လူထုအတွက် နအဖ ကို မေတ္တာပို့အမျှဝေခြင်းအပေါ်နအဖ မှအကြမ်းဖက်သည့် အတွက်သံဃာတော်များနှင့်ဆန္ဒပြပြည်သူလူထုကြီးတို့ ဘုရားခြေတော်ရင်းတွေမှာ သွေးမြေကျကုန်ပါပြီ။ သံဃာတော် များကိုလက်အုပ်ချီပူဇော်ပေးပါ။အားပေးပါ။ပူးပေါင်းပါဝင်ကြပါဟုလမ်းတလျောက် ကြွေးကြော်ကြပါတယ် )))

ကျော်ကျော်(တာဝန်ခံ)
လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ အဖွဲ့
www.thebestmanure.org


အပြည့်အစုံ ဖတ်ရှုရန် ...