Wednesday, May 27, 2009
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲ
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် Joint Action Commettee မှ ဦးဆောင်၍ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲတခုကို ကျင်းပခဲ့သည်။
စက်တင်ဘာ ရွှေဝါရောင် သံဃာတော်များ ၊ JAC တွင် ပါဝင်သော အဖွဲ့အစည်းများ ၊ စက်တင်ဘာ ရွှေဝါရောင် လူငယ် အင်အားစုများ၊ တသီးပုဂ္ဂလများ စုစုပေါင်း လူအင်အား ၁၅၀ ခန့်က TK လေး အထည်ချုပ်စက်ရုံ့ရှေ့တွင် စတင် စုစည်းကြပြီး နောက် UN ရုံးရှေ့သို့ ပိုစတာများကိုင်ဆောင်ကာ၊ ကြွေးကြော်သံများ အော်ဟစ်၍ ညီညာစွာ ချီတက်သွားကြသည်။
ယူအန် ရုံးရှေ့တွင် မိနစ် ၂၀ခန့် စုရုံး၍ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် ချက်ခြင်းလွတ် ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး စစ်အာဏာရှင် စနစ် ပြုတ်ကျရေး ဒို့အရေး” စသည့် ကြွေးကြော်သံများ ကို ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြရခြင်းနှင့်ပါတ်သက်သော JAC ၏ သဘောထားထုတ်ပြန်ချက် မြန်မာ ၊အင်္ဂလိပ် တို့ကိုလည်းဝေငှပြီး သတင်းဌာန အသီသီး၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြသည်။
ယူအန်မှ အရာရှိတဦး၏ လက်သို့ JAC မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်မှုများပြုပါရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းသို့ တောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာ ကိုပေးအပ်ခဲ့သည် ။
ထိုနောက်တွင် ကမ္ဘာမကြေသီချင်းကို သီဆို၍ ဆန္ဒပြပွဲကို လူစုခွဲ ရုတ်သိမ်းခဲ့ပါသည်။ရဲများက လာရောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးမှု သတင်းများ မရှိခဲ့ပါ။
အကြောင်းအရာ...
လှုပ်ရှားမှု
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment