.jpg)
.jpg)

ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်း ဒဂုံ တက္ကသိုလ် ကို လာရောက်ချိန် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျနော် တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ အဖွဲ့ဝင် တောင်ဒဂုံ တက္ကသိုလ် ကျောင်းသား/သူ များသည် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိကြောင်း ပို့စကဒ်(ကြွေးကြော်သံပါ) ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး ပို့စကဒ်နှင့် ၊ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ စာသားပါ ငြိမ်းချမ်းရေး ဂျိုးဖြူငှက် ပုံပါ ပို့စကဒ်များအား ကပ်ခဲ့သည့် လှုပ်ရှားမှု့များ ပြုလုပ်ခဲ့ကြပါသည်။
အထက်ပါ လှုပ်ရှားမှု့နှင့်ပတ်သတ်ပြီး ပြည်တွင်း အကောင်းဆုံးမြေသြဇာ အဖွဲ့ မှ လှုပ်ရှားမှု့ တာဝန်ခံ ကို ဘိုဘိုကျော် ( ဒဂုံတက္ကသိုလ်ကျောင်းသား) နှင့် တခြား ကျောင်းသား တဦးအား ၂၄ ရက်နေ့ က အာအက်အေ အသံလွှင့်ဌာနမှ မေးမြန်းထားပါတယ်။၂၄-၁၀-၀၉ ရက်နေ့ စနေနေ့ ည ( ၁၉း၀၀) နာရီမှာ သွားရောက်နားဆင်ကြည့်ပါ ။
တခြား မြို့နယ်တွေမှာ လည်း ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့ကြိးကို ထောက်ခံသော အားဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ပြောဖြစ်ခဲ့ကြပါတယ်။
မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။


0 comments:
Post a Comment