TBM ဖွဲ့စည်းပုံ
အမည်
- အဖွဲ့အစည်း၏ အမည်ကို လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ ဟု ခေါ်တွင်စေရမည်။မြန်မာလို အကောင်းဆုံး မြေသြဇာ အဖွဲ့ ၊ အင်္ဂလိပ်လို THE BEST MANURE ဟု ခေါ်တွင်စေရမည်။
တံဆိပ်
- အနီရောင် စက်ဝိုင်း အတွင်း မိုးကြိုး ( သို့ ) လျှပ်စီး ပုံစံ အတွန့် လေးရှိနေရမည်။ အောက်ခြေတွင် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ ဟု ရေးသားထားရမည်။
တံဆိပ် ဖွင့်ဆို ချက်
- အနီရောင်သည် ရဲရင့်ပြတ်သားခြင်းကို ညွှန်းဆိုသည်။စက်ဝိုင်းပုံစံ သည် စက်ဝိုင်းအပြင်ဘက်တွင် လူထုတရပ်လုံးရှိနေပြီး စက်ဝိုင်းအတွင်းတွင် စစ်အာဏာရှင် ရှိနေစေရမည် ဟု အဓိပ္ဂါယ် ရသည်။မိုးကြိုး လျှပ်စီး သည် အထဲတွင် ရှိနေသော စစ်အာဏာရှင် အား ပစ်ခတ်သည်ဟု ဖေါ်ညွှန်းထားခြင်း ဖြစ်သည်။
အတိုကောက် ခေါ်ဝေါ်သုံးစွဲမှု့
- မြန်မာလို မြေသြဇာ ဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။အင်္ဂလိပ်လို ( T B M )ဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။
ဖွဲ့စည်းမှု့နှင့်ဦးဆောင်မှု့ အဆင့်ဆင့်
- TBM ( မြေသြဇာ ) အား သံဃာ၊ကျောင်းသား၊အလုပ်သမား ၊လယ်သမားတို့ပါဝင်သော အလွှာအသီးသီးမှ လူထုတရပ်လုံးနှင့်ဖွဲ့စည်းထားသဖြင့် သံဃာ တာဝန်ခံ ဆရာတော် များအား နာယက ဟု သတ်မှတ်ပြီး တိုင်းနှင့်ပြည်နယ် ၊ မြို့နယ်၊ စက်မှု့ဇုံ ၊တာဝန်ခံများ၊ အဖွဲ့ဝင်များ နှင့် ဖွဲ့စည်းထားသည်။
အဖွဲ့ဝင် ဖြစ်ခြင်း
- အဖွဲ့၏ မူဝါဒ လမ်းစဉ်ကို လက်ခံယုံကြည်သည့်အပြင် အဖွဲ့မှ ပေးအပ်သော တာဝန်တရပ်ရပ်ကို ထမ်းဆောင်နိုင်သူ ဖြစ်ပါက သက်ဆိုင်ရာ တာဝန်ခံမှ တဆင့် အဖွဲ့၏ ဗဟို သို့ တင်ပြလျှောက်ထားနိုင်သည်။
လျှောက်ထားချက်အား တာဝန်ရှိသူများ မှ တာဝန်ခံ ထံ လှုပ်ရှားမှု့ တစုံတရာ ပူးတွဲ ပြုလုပ်ရန် တာဝန်ပေးအပ်နှင်းမည်ဖြစ်ပြီး ပြုလုပ်ဆောင်ရွက်ပြီးစီးမှသာ
အဖွဲ့ဝင် အဖြစ် လက်ခံမည် ဖြစ်သည်။
Thursday, January 14, 2010
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment